မြန်မာတွေစည်းကမ်းဖောက်လို့ ထီးနန်းတော့ပျောက်ခဲ့ပြီ
နှစ်ရာချီကျွန်ဖြစ် ဖက်ဆစ်ရဲ.ဆိုးမွေဒဏ်
အံကြိတ်ကာတင်းခံယင်း လွတ်လပ်ခြင်းရဲ.အရသာ
မြန်ပြည်မှာပြန်ပိုင်ရစေဘို့ လွတ်လပ်မှုအတူမျှဝေ ဆိုပြီး
ပြည်ချစ်သူမြန်ပြည်ဘွားတွေက အသက်သွေးချွေး စတေးပေးလူ
ပင်ပမ်းစွာတိုက်ယူခဲ့ကြရပါတယ်။ ခုများတော့လေ
သွေးမပေချွေးမထွက်သမို့ လွတ်လပ်ခြင်းကို အလေးမထား
အတွေးအမှား များစွာနဲ့လူ အသက်သွေးပေးလှူ
စတေးခဲ့သူများကိုမှမထောက် တစ်ယောက်တစ်ထောင့်ဇွတ်ဆွဲ
ရသလောက်ကိုယ့်တွက်ဘဲတဲ့ ဒီအသိသာ လွန်ကဲတာမို့
ပြည်ပျက်တာ မပျက်တာမတွေး ကိုယ်ရဘို့အရေးတွက်
ပြည်နိုင်ငံအသွေးအသားကိုမှ လှိုက်စားကာရှင်လိုတဲ့ လောက်မိုက်
အာဏာရူးလူတစ်သိုက်ရယ်ကြောင့် မြန်ပြည်ရဲ.အရေး
မြင်တွေးလို့စိတ်မကြည် လွန်လေပြီ ဇာနည်များ
မြင်ခဲ့ယင် ရင်နာသွားကြမှာမို့ ရှက်တတ်ယင်ပြင်ကြပါလား။
နေမင်းအလင်း