ပြင်သင့်ပြီအတ္တ

ရှေ့မမျှော်နောက်မတွေး  ငေးယင်းသာအချိန်ကုန်
စုံလိုက်တဲ့ဆန္ဒများ  ရေတွက်လို့ပွားများယင်
အနန္တတရားကျော်မယ်ထင်  ဟိုလူမြင်အတင်းပြော
ဒီလူမြင်အတင်းပြော  ပြောယင်းသာအချိန်ကုန်
စုံလိုက်တဲ့ဝေဖန်စကား ကိုယ့်ကိုယ်ကိုတော့အဟုတ်ထင်
အဖော်စု့တွဲညီယင်  ငရဲပြည်တောင်အလည်သွားချင်သတဲ့
မိုက်မဲတဲ့အဇ္ဇျတ တိုက်တွန်းကာကိုယ်ရောင်ပြ
ရခဲ့တဲ့ဘဝအသိ  ချကြည့်တော့အနှစ်မပါ
အဆစ်ပါတာကဒေါသ  မောဟနဲ့ငြူစူခြင်း
ပူပြင်းတဲ့လောကတရား  ကျော်လွှားခဲ့နေ့ရက်များစွာ
အမှန်တွေပျောက်ဆုံး  အမှားသံသရာလည်တုံးမို့
ဝဋ်ဆိုတာအခါခါလည်မဆုံး  ဆင်ခြင်ကာပြင်ကြအုံး
                                     နေမင်းအလင်း

No comments:

ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ