ဆန်ရင်းနာနာထောင်းသူများ

ဆန်ရင်းနာနာထောင်းသူများ
 ဘယ်အိမ်က သားသမီးများ  တော်လိုက်တာ တအား
မိဘတွေဆိုတဲ့စကား   ကိုယ့်သား၊သမီးကျ ဒီလောက်ညံ့ရသတဲ့
ဆူဆဲကဲ့ရဲ့ပြစ်တင်စကား   ဆန်ရင်းနာနာထောင်းလေရော့သလား။
ချီးမွမ်းကာအကောင်းမဆို
အနားမှာနေ တပည့်ကို   
အခြားမှာနေ လူအများ     ချီးမွမ်းကာ အကောင်းဆိုထား
ဆန်ရင်းနာနာထောင်းလေခဲ့ရော့သလား။
 အလုပ်ခွင်စိတ်ပျက်   ဘုန်းကြီးကျောင်းတက်ပြန်တော့လဲ
ဒေါသမဲ ဘုန်းကြီးဆဲ        လှူစရာ စေတနာနဲနဲနဲ့
စိတ်လက်မကြည်မသာ      မပါ့တပါ တင်ပါဘုရား
ဦးညွတ်ကာ သဒ္ဓါပွါး       ဆန်ရင်းနာနာထောင်းခဲ့လေရော့သလား။
သိပ်ချစ်တတ်တဲ့ ချစ်သူကို     ဘာဘာညာညာမူယာပို
ဘယ်လို ဟိုလိုတွဲပြ       အနီးချစ်ချစ် စိတ်ညစ်ရလေအောင်
မာယာဆောင် လှည့်ဖျား    ဆန်ရင်းနာနာထောင်းခဲ့လေရော့သလား။
အလုပ်သမားလိုသလား     ပညာတတ်ပါသလား၊ အလုပ်ကမရှား
ပညာပင်တတ်ခဲ့        လိုက်လျောညီထွေလိုပါသေးရဲ့
ကိုယ့်ထက်အရာရှိငဲ့     သူ့မျက်နှာညှိုးမှားစိုးခဲ့
ဒီပညာတတ်ဘွဲ့၊ အထက်ကိုမကျော်နိုင်ခဲ့
ဖြီးရဖြန်းရပညာများ ဆန်ရင်းနာနာထောင်းခဲ့လေရော့သလား။
တို့နိုင်ငံ စစ်ဗိုလ်ချုပ်များ    ကိုယ့်ပြည်မှာမတရား
နိုင်ငံခြားသွား ဆေးကုသတဲ့လား  ပြည်တွင်းကဆရာဝန်များ
လာဘ်စားတာ များခဲ့လေရော့သလား  ပြည်တွင်းဖြစ်ပစ္စည်း
ရပ်တစ်ပါးမှာဖြုန်းတီးဖို့    ကျွန်တော်တို့တောင်ချန်မထား
နိုင်ငံခြားကို ရောင်းစား    ဆန်ရင်းနာနာထောင်းခဲ့လေရော့သလား။
                                          နေမင်းအလင်း

No comments:

ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ