မမေ့သင့်သောရင်တွင်းနှလုံးသား
လူဆိုသည်မှာ
ဘ၀ရဲ့လိုအင် အစဉ်ထာဝရပြည့်ဝ
  ဘယ်သူတွေ ရှိခဲ့ကြလည်း
အချိန်ပေါင်းများစွာမှာ  လိုအပ်မှူပေါင်းများစွာက
ဦးစွာပထမလာနေကြလေ
ဘယ်သူကြည်ဖြူ  မကြည်ဖြူလည်း
ရဲရဲသာဝင်  အစဉ်စိုးမိုးသူ့အကျိုးသာ 
တောင်းဆိုတာလည်း   အခါခါဘဲမို့ 
သင်သတိရှိ ကြောင်းကျိုးသိပါ
လိုချင်သမျှ  တောင်းတတိုင်းသာ 
 ကုန်းရုန်းရှာဖွေ   ဖြည့်နေမယ်ဆို 
သင့်ရဲ့ဘ၀ သူကချယ်လှည် 
သူ့နယ်သာတိုး သင့်အကျိုးက ဘာပြည့်ဝလည်း
စဉ်စားတွေးကြည့်အဖြေညှိပါ။
ကိုယ့်ရဲ့ဘ၀ တကယ်လှဖို့ဆို
 လိုချင်တဲ့သဘော စိတ်မနောကို
သေချာစီစစ် ဖြည့်သင့်သလား သင်စဉ်စားပါ
 ကိုယ့်ဘ၀မှာ  လိုအင်မှန်သမျှ             
 တောင်းတတိုင်းသာ   ရခဲ့ပါသလား
 ရခဲ့တိုင်းလည်း  ပြည့်ဝရဲ့လား   တွေးကြည့်မြင်သိ သတိရှိပါ
လူဆိုသည်မှာ     
 လောကဓံတရား    လှိုင်းလုံးကြားမှာ လူးလာကူးခတ်
 အားပြတ်နွမ်းခွေ မောပမ်းနေလည်း
မြင်မြင်သမျှ    တောင်းတသိမ်းပိုက်မူးမိုက်ရီဝေ
 လိုချင်နေခြင်း ထိုချင်ခြင်းကြောင့် 
မှောင့်မှောင့်မှားမှား  အတွေးများနဲ့အသိမဲ့ပျောက်
စိတ်နောက်ကိုယ်ပါ  လုပ်ဆောင်တာကြောင့်
ဘ၀ကမှောက် လမ်းကပျောက်ကာ
 တွေ.တာအဆိုး အကျိုးကပျက်
 အခက်ပွေသမျှ ကြုံခဲ့ရအပူတွေ တောက်လောင်နေပါလည်း
မသိမမြင်နိုင်ဘဲမို. ဖလံမီးတိုး အကျိုးနည်းသလို
မဖြစ်စေလိုပါ လိုချင်တရားနှလုံးသားကို
                                                        နေမင်းအလင်း
No comments:
ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ