စိမ်းရက်ယင်စိမ်း

အယူခံဝင်တေး  ကိုယ်မရေးချင်လည်း
အသည်းပူဆာ  မနေသာလို့ရေးပါရစေ
အလွမ်းဝေတဲ့စကားကို ကျွမ်းနေတဲ့နှလုံးသားနဲ့ဆိုမယ်
နွမ်းကြေလျှက်ရတက်ပွေသမျှ  စိတ္တဇညတွေကုန်ပါစေ

ဒို့နှစ်ဦးရဲ့ကမ္ဘာမှာ  နားလည်စွာနဲ့ညှိခဲ့တဲ့သံယောဇဉ်
ကာရံတွေမပီပြင်လည်း  အသည်းချင်းသိပီတိဝေဖြာ
ပျော်ခဲ့ပါတယ်  သြော် --- ခုတော့
ချစ်ခွင့်ကြုံလို့တွေ့ဆုံခဲ့ရ  ဒို့ဘဝတွေချစ်ကံခေတော့
ကာလလွှဲမှားအသဲသာကြွေ  အချစ်မြေမှာအပျော်ခြေလှမ်းသမျှ
အလွမ်းသာခြေရာကျန်  ရင်ခွင်မှာဒဏ်ရာဖြစ်
မဆုံဖြစ်ခဲ့ကြယင်အကောင်းသား
ခုများတော့လေဘယ်ဆီမှာနေ  ဘယ်မြေကိုရောက်
ဘယ်လောက်ဝေးဝေး  အတွေးနဲ့သာလွမ်း ရင်ခွင်မှာနွမ်း
ကျွမ်းခဲ့ရချစ်သူ  လွမ်းမိတဲ့ဒီလူဟာ
အမုန်းနဲ့ထိုက်သူလား  မုန်းလိုက်ပေါ့ချစ်သူ
ကြားလူကိုမင်းယုံလို့  စုန်ကန်ခဲ့ချစ်ရင်ခွင်
ဘယ်လိုပင်စိမ်းသော်လည်း  မယိမ်းယိုင်ကိုယ့်ချစ်တွေက
မမုန်းနိုင်ခိုင်လျှက်သားမို့  မေ့နိုင်သူစိမ်းသူကြီးရယ်
စိမ်းရက်ယင်စိမ်း  ကိုယ်ကတော့မစိမ်းရက်ပါကွယ်
                                       နေမင်းအလင်း

No comments:

ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ