ရင်နာရပါတယ် ဆိုတာထက် ရင်နင့်ရပါတယ်ဆိုရင်ပို မှန်ပါလိမ့်မယ်

ရင်နာရပါတယ် ဆိုတာထက် ရင်နင့်ရပါတယ်ဆိုရင်ပို မှန်ပါလိမ့်မယ်။ မြင်နေရ ကြားနေရတာတွေက တခုမှစိတ်ချမ်း သာစရာမရှိဘူး။ ဘယ်မှာ စိတ်ချမ်းသာပါ့မလဲ။
တကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဖူးပါတယ်။ ၁၉၅၉ ခုနှစ် လောက်ကဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင် အာရှမှာအကောင်းဆုံးလို့ နံမည်ကျော်ခဲ့တယ်။ အဆောက် အဦးတခုလုံး လေအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ အဲဒီခေတ်က ပြောမဆုံးအောင် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်း အဆောက်အဦးကြီး ထဲကိုဝင်ပြီး တအံ့တသြဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တင်မဟုတ်ပါဘူး။
ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ