ဝိရောဓိ

ကြုံခဲ့ ဘူးပါရဲ့  ဘ၀နယ် ကုန်ခဲ့ဘူး ပါရဲ့စိတ်ဆန္ဒ အသွယ်သွယ်
ယုံခဲ့ဖူးပါတဲ့ မုသားများစွာရယ်
ပုံခဲ့ဖူး ပါတဲ့ ဖြူစင်သန့်ရှင်း  ကိုယ့်ချစ်ခြင်းတွေရယ်
ငိုခဲ့ဖူး ပါရဲ့  ဆုံးရှုံးခြင်း များစွာနဲံ့ တမ်းတမှုတွေရယ်
မယုံခဲ့ဖူး ပေမဲ့ ပုံပြင်ဆန်ဆန်  အတွေ့ကြုံ့အစုံရယ်
ပြုံးပြခဲ့ပေမဲ့ ငိုရှိုက်နေဆဲ  နှလုံးသား တစ်စုံရယ်
ရယ်မောခဲ့ပေမဲ့  သွေးပျက်ခြောက်ကပ် ခြင်းတွေနဲ့ ကိုယ့်ရီသံ များစွာရယ်
လက်ပြနှုတ်ဆက်ခဲ့ပေမယ့် မခွဲနိုင်မခွာရက်ခဲ့တဲ့ သံဃောဇဉ်ကြိုးများစွာရယ်
 ကြည်ဖြူပါတယ်ဆိုတဲ့ မာန်အစုံနဲ့ စိတ်ကုန်နေကြတဲ့ ဆက်ဆံခြင်းတွေရယ်
နောင်သံသရာထိ မမြင်ချင်တော့ပြီလို့ပြောယင်း
ရင်တွင်းမှကြိုးတိုးတိုးပြီးဖွဲ့နှောင် အပူကောင်ဟန်လုပ်
ကိုယ့်ဇာတ်ရုပ်ကိုယ်နားမလည် ခက်လိုက်ပါဘိဘဝရဲ့နယ်
သြော်…ခက်လိုက်ပါဘိဘဝရဲ့နယ်
                                             နေမင်းအလင်း

No comments:

ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ