မြန်မာ့စစ်သွေး


မြန်မာ့စစ်သွေး
 ကုမ္ပဏီသူဋ္ဌေး
သူဆင်းရဲသွေးစုပ်
ရသမျှအမြတ်ထုပ်ကို
နိုင်ငံခြားသယ်ထုတ်
တိုင်းပြည်ကြီးလက်နှီးစုတ်ဖြစ်အောင်
ဗိုလ်ချုပ်တွေနဲ့ပေါင်းလုပ်
ရှိသမျှ ခိုးထုတ်တဲ့အခါ
ပြည်သူတွေဗလာ
စာရိတ္တမရှိတော့ပါ
သူ့ထက်ငါ ကျော်ခွကာဖြင့်
မြန်မာပြည်ကြီး အချည်းနှီးဖြစ်
မြန်မာ့စစ် သွေးဆိုတာ (မြန်မာ စစ်သွေး)
ဘယ်ခေတ်ကမှလဲ မကောင်းခဲ့ပါလား
                                     နေမင်းအလင်း

No comments:

ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ