Start Menu ကို အရှိန်မြှင့်လိုက်ပါ

မိမိ သုံးနေတဲ့ ကွန်ပျူတာကို မြန်ဆန်စွာ အသုံးပြုနိုင်ရန် နည်းလမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Start Menu အရှိန်မြှင့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်တိုင်း ပြုလုပ်ပါ-

၁) Start မှ Run ကို ဖွင့်ပါ။
၂) Run box တွင် regedit ကို ရိုက်ပါ။
၃) regedit box ပေါ်လာရင် HKEY_CURRENT_USER ကို ရွေးပါ။ ပြီးရင် Control Panel မှ Desktop ကို ဖွင့်ပါ။
၎) ညာဘက်တွင် MenuShowDelay ဆိုတာကို ရှာပါ။ တွေ့ရင် Double Click လုပ်ပါ။
၅) Value Data (၁၀၀)ကို (၄၀၀)ပေးလိုက်ပါ။

Windows 7

              အခုအချိန်မှာ ကွန်ပျူတာတစ်လုံး ၀ယ်သုံးမယ်ဆိုရင် သေချာတာကတော့ CPU ဟာ Dual Core သို့မဟုတ် Core2 Duo ဖြစ်မှာ အသေအချာပါပဲ။ အများသိတဲ့အတိုင်း Intel ဟာ Pentium 4 ပြီးတော့ Pentium D ကို ထုတ်လုပ်ခဲ့ပါတယ်။ Pentium 4 ဟာ 32 bit CPU အမျိုးအစားဖြစ်ပြီး Pentium D ဟာ 64 bit CPU အမျိုးအစားပါ။ 32 bit တွေ 64 bit တွေဆိုတာကတော့ CPU ထဲမှာပါတဲ့ register တွေရဲ့ အရွယ်အစားကို ပြောတာပါ။ CPU တိုင်းဟာ Process လုပ်တိုင်းလုပ်တိုင်း register တွေကို အသုံးပြုရပါတယ်။ ဥပမာအားဖြင့် ကွန်ပျူတာကို သုံးနဲ့ လေးနဲ့ မြှောက်ခိုင်းတယ်ဆိုပါစို့။

လက်ပ်တော့ပ်များကြောင့် လျော့နည်း ကျဆင်းသွားနိုင်သော အမျိုးသားမျိုးပွားစွမ်းရည်

လက်ပ်တော့ပ် (Laptop) လို့ခေါ်တဲ့ ပေါင်ပေါ်တင်ပြီး သုံးလို့ရတဲ့၊ ဖိုင်တွဲတစ်ခုစာသာ အရွယ်ရှိတဲ့၊ ယနေ့ခေတ်မှာ အထူးကို ရေပန်းစားလာနေတဲ့၊ အလွယ်တကူ သယ်ဆောင်သွားလို့ ရလောက်အောင် ပေါ့ပါးတဲ့ ကွန်ပျူတာလေးဟာ အမျိုးသားတွေအတွက် စိတ်ပူစရာ ကျန်းမာရေး အန္တရာယ်တစ်ခုကို ပေးလိမ့်မယ်ဆိုတာ Laptop တီထွင်သူတွေနဲ့ သန်းပေါင်းများစွာသော ကမ္ဘာတစ်ဝှမ်း သုံးစွဲသူတွေ သိကြမယ် မထင်ပါဘူး။ ဒီအချက်ကို Fertility and Sterility Journal (မျိုးပွားနိုင်စွမ်းနှင့် မျိုးမပွားနိုင်စွမ်း ဂျာနယ်) က သုတေသနရလဒ်များနဲ့တကွ ဖော်ပြပေးခဲ့ပါတယ်။
ပေါင်ပေါ်မှာ Laptop ကို တင်ပြီး ကြာကြာသုံးရင် သင့်ခန္ဓာကိုယ် အောက်ပိုင်း ပေါင်ရင်းတစ်ဝိုက်ရဲ့ လေထုအပူချိန်ကို တက်စေကာ Sperm အဖိုမျိုးပွားဆဲလ်လေးများ ဖြစ်တဲ့ သုက်ကောင်လေးများရဲ့ အရေအတွက်နဲ့ အရည်အချင်းကို ထိခိုက်စေကြောင်း ကျန်းမာရေးပညာရှင်များက

ကြည့်ရှုနေသောမိတ်ဆွေပျော်ရွင်ပါစေ